နိဒါန်းမှာ ပြိုကွဲ
Posted on Sep 3, 2007
ဖွင့်ထားတဲ့ လက်နဲ့ မင်းကို ငါ လက်ခံခဲ့ရတယ်
ငါ ဘာမှ မတတ်နိုင်ခဲ့ဘူး
ငါ ဘာမှ ဖြည့်ဆည်း မပေးနိုင်ခဲ့ဘူး
မင်းရဲ့ ဆံဖျားလေးတွေက စလို့၊ မင်းရဲ့ လက်သည်းလေးတွေ အဆုံးထိ
ငါ နှိမ့်ကျစွာ ရှင်သန်ခဲ့တာပါ
ငါ့ရဲ့ ပျော်ဝင်မှုမှာ ငါဘာမှ မမျှော်လင့်ခဲ့တာတော့ သေချာတယ်
ဒီလိုပဲလေ အချစ်က
တစ်ခါပေးဆပ်ဖူးရင် နောက်ထပ်, နောက်ထပ် ထပ်ပြီး ပေးဆပ်ရဦးမှာပဲ
တစ်ခါဆာလောင်ဖူးရင် နောက်ထပ်, နောက်ထပ် ထပ်ပြီး ဆာလောင်လာဦးမှာပဲ
အချစ်မှာ ဘယ်တော့မှ မပြည့်စုံဘူး
မင်းရဲ့ နှုတ်ခမ်းဖျားလေးမှာ ငါ မှည့်လေးဖြစ်ပါရစေ
မင်းရဲ့ စိုးရွံ့မှုမှာ ငါက အင်အားတွေဖြစ်ပါရစေ
ဒီလိုမှ မဟုတ်ရင်
မင်းရဲ့ အလိုမကျမှုမှာ ငါ ရှောင်ပြေးရုံပေါ့
ဘယ်အချိန်ပဲဖြစ်ဖြစ်ပေါ့ ညီမလေးရယ်
ငါ့ရဲ့ လက်တွေကိုတော့ အမြဲဖွင့်ထားပါတယ်
အဖြည့်ခံဖို့ …