မုဆိုးအက

Posted on Sep 3, 2007
တစ်တောလုံးကြွေမှ ငါက အပင်စပေါက်တယ်  
သူက သမင်အက ကပြီး  
ငါက မုဆိုး မလုပ်တတ်ဘူး

ဒီလိုနဲ့  
ကိုယ့်စိတ္တဇကိုကိုယ် ဆာလောင်စွာ ဖုန်းခဏခဏ ဆက်ရ  
ချစ်ခြင်းကို တူးခါးအောင် မကြောင်နဲ့!!

ဒီနေ့လို ငြိမ်သက်မှုမျိုးနဲ့ဆို  
မနက်ဖြန်ဟာ မသန်စွမ်းနိုင်ဘူး  
လွမ်းဆွတ်ခြင်းက တစ်စက္ကန့်တိုင်း နှစ်ဆတိုး, တိုးလာ  
ရင်ဘတ်ထဲက တစ်တောလုံး … ခွေအတွေ အူကြ

တစ်ကမ္ဘာလုံးရွာနေတဲ့ ချစ်ခြင်းတရား ၁၅၀၀  
ငါ့ဆီမှာမှ မိုးခေါင်ရေရှား  
သမင်အကနဲ့ ညီမလေးရေ  
ကိုယ်က အခုမှ မြှားတွေ ချွန်နေတုန်း …။ ။