လမ်း
Posted on Sep 6, 2007
သူငယ်ချင်းရေ
သားရဲပေါတဲ့ ဒီလမ်းမှာ
မိုးခါးရေ မသောက်ကြေးဆိုရင် ရိုးသားမှုကိုသာ ကိုးကွယ်ကြစို့ရဲ့
ဒီလို ငါတို့ရဲ့ သွေးတွေနဲ့ ပေးဆပ်ရလိမ့်ဦးမယ်
အခုတော့
နောက်ကျနေတဲ့ ကံတရားက နစ်မွန်းသူများစွာရဲ့ ဆွဲအားနဲ့လေးလံလို့
ရက်စက်ကြမ်းကြုတ်မှုတစ်ဝက်တစ်ပျက်နဲ့လမ်းဟာ ဓားပြဆန်ဆန်ပြုံးလေရဲ့ …
ထားခဲ့ကြ …
ငါတို့ကို မြေမြုပ်သင်္ဂြိုဟ်နေတဲ့ ¬¬¬¬အကြောက်တရားတွေကို ဖွက်ထားခဲ့ကြ
ယုံကြည်မှုမှာ ခိုင်မာရင် ငါတို့လျှောက်မယ့်လမ်းဟာ အောင်ပွဲပါပဲ
ရှေ့ဆက်လျှောက်ရမယ့် ခြေလှမ်း သန်းပေါင်းများစွာမှာ
သူငယ်ချင်းရေ…
ရဲရင့်လိုက်ကြစို့ကွာ …