တိုးတိုးလေးချစ်

Posted on Sep 7, 2007
မင်းဟာ  
ငါ လက်မခံနိုင်တဲ့ အမှန်တရား  
ပလက်ထိုးထားတဲ့ မီးပူ  
မီးပျက်နေတဲ့ ချောက်ကမ်းပါး

ခံစားချက်က  
စကားမပြောနိုင်တဲ့ ပါးစပ်နဲ့  
ဖွဲ့နွဲ့

ဒီလိုပဲ  
အလွမ်းဂျင်းဘောင်းဘီကို ဝတ်  
တိမ်ရိုင်းတွေကို စီးနေလိုက်တော့တယ်

မင်းလက်တွေက  
ငါ့နှလုံးသား သက်တံအစစ်ကို စက္ကူပေါ်မှာ ရေးဆွဲ  
လေယဉ်လုပ်ပြီး ဆော့တယ်  
နှုတ်ခမ်းတွေက  
ကြောက်မက်ဖွယ် ဘီလူးတစ်သိန်းရဲ့ အပြုံးနဲ့  
ပြာလဲ့

ရင်ခုန်သံ ကြိမ်နှုန်း \- တစ်မိနစ် 3500

ငါက  
သိပ်  
ချစ်  
ခဲ့