ကွန်ရက်
ငါက တိမ်တွေလို လွှင့်မျောလိုက်ချင်တယ် မင်းကတော့ ကောင်းကင်လုပ်ပေါ့ … တစ်ခါတစ်ခါ ငါက လွှင့်ချင်တိုင်း လွှင့်တတ်တယ် ကလေးရဲ့ ဒါပေမယ့် သေချာပါတယ် နောက်ဆုံးတော့ မင်းရင်ခွင်အောက်ပဲ … ပြန်ရောက်ခဲ့ ။ တကယ်တော့ အချစ်ဆိုတာ တစ်ယောက် အသက်ကို တစ်ယောက်က ကူရှုပေးတာပဲတဲ့ ဒီလို ချစ်ခြင်းတရား ရိုးရိုးလေးတစ်ခုမှာ ငါတို့ နားလည်မှုတွေ ရှုပ်ထွေးမနေဖို့ပဲ လိုအပ်တယ် ဖြစ်နိုင်ရင် ငါတို့ လျှောက်ရဦးမယ့် လမ်းတွေ အတွက် ငါ့ လက်ကို မြဲမြဲကိုင်ထား ကလေးရေ …။