လွမ်းတဲ့အကြောင်း

Posted on Sep 9, 2007
လကွယ်ည ကြယ်လေးတွေက ပြောတယ်  
“လမင်းလေးကို လွမ်းကြောင်း  
ဘယ်သူ့ကို ပြောပြရမှာလဲ”တဲ့ ။

သိလား … ချစ်သူ  
လေပြေညှင်းရဲ့ ညင်သာမှုမျိုးနဲ့  
မင်းကို သတိရတာလေ  
မှတ်မှတ်ရရ (ဒီညပါဆိုရင်)  
ညပေါင်း ၂၉၃ ည ရယ်လေ …

ဒီလိုပါပဲလေ  
အချစ်ဆိုတာ  
နူးနူးညံညံလေး ခံစားလိုက်ဖို့တောင်  
တော်တော်ခက်ခဲ  
လွမ်းတဲ့ညတွေက လေးထောင့်ဆန်လွန်းတယ်။

မသေမချာ လွမ်းဆွတ်ရမှုတွေကို  
ရပ်တန်းက ရပ်ပေးပါတော့ ချစ်သူ  
အလင်းပြန်ခြင်း နိယာမတွေ မှန်နေဦးမယ်ဆိုရင်တော့  
ဒီညပဲ … မင်းငါ့ကို သတိရကြောင်း  
ငါ… အိပ်မက်ထဲ ထည့်မက်လိုက်တော့မယ် ။