သူစိမ်း

Posted on Sep 9, 2007
စာရွက်အလွတ်ပေါ်မှာ  
ငါ … မျက်လုံးပုံ ဆွဲမိတယ်  
အဲဒီ မျက်လုံးက  
ငါ ဘာလုပ်လုပ် သံသယနဲ့ စောင့်ကြည့်နေတော့တယ်။

စာရွက်အလွတ်ပေါ်မှာ  
ငါ … ပါးစပ်ပုံ ထပ်ဆွဲမိပြန်တယ်  
အဲဒီ ပါးစပ်က  
ငါ ဘာလုပ်လုပ် အပြစ်ပြောနေတော့တာပဲ။

ဘယ်လို ရှောင်ပုန်းဖို့ ကြိုးစားကြိုးစား  
ငါ ပိတ်မိနေတဲ့ ဝင်္ကဘာက ဟင်းလင်းပြင်  
ငါ ဖုံးကွယ်ထားတဲ့ ကောင်းကင်က မိုးရွာ  
ငါ့ နှောင်ကြိုးကို ငါ မဖြည်နိုင်ဘူး

နောက်ဆုံး …  
ငါ … မျက်လုံးပုံကို ဖျက်ပစ်လိုက်တယ် !!!  
ငါ … ပါးစပ်ပုံကို ခြစ်ပစ်လိုက်တယ် !!!  
ငါ ဘာမှ မမြင်ရတော့ဘူး  
ငါ ဘာမှ မပြောနိုင်တော့ဘူး …။ ။