ကမ္ဘာမြေရဲ့ ကယ်တင်ခြင်း

Posted on Nov 5, 2007
အသက်ရှင်နေတယ်ဆိုရုံလေး ကမ္ဘာမြေ  
သင့်ရဲ့ ကံဆိုးမိုးမှောင် ဝေဒနာ အံစာကို ပစ်ချလိုက်တော့  
ငိုညည်းသံတွေ မီးတောက်ကြပေါ့

နတ်ဒေဝါအပါးပါးတို့ရဲ့ ကြင်နာသနားခြင်းမှ ကင်းလွတ်ရာ ဥယျာဉ်  
အမှားမှားအယွင်းယွင်း သစ်သီးတွေ အဆိပ်သင့်ကြ  
ကမ်းလင့်နေတဲ့ လက်အစုံတွေမှာှ မွတ်သိပ်ခြင်းများစွာ .. များစွာ

ကမ္ဘာရေ…  
မြင့်မြတ်လှတဲ့ ကယ်တင်ခြင်းတောင်ပံတွေ  
သင့်ရဲ့ ပူလောင်မှု မြေပြင်ထဲ မြုပ်ထားလိုက်ဦးတော့

ငါတို့ ဆင်းစရာ အောက်မှာ ကျန်နေသေးတယ် မဟုတ်လားကွာ?