ပထမဆုံးလေပြေ
Posted on Nov 22, 2007
ချွေးထွက်များတဲ့နေ့
ငါ ရုန်းထွက်ဖို့ မကြိုးစားခဲ့ဖူးတဲ့ လောင်းကစားမှုများ
ဘဝကို ခုံမင်မှ အလှအပတရားက ပိုပြီး အဓိပ္ပာယ်ရှိမယ်။
မေတ္တာတရားမှာ စကားမှားခဲ့ဖူးတဲ့ ငါ
ဟိုတုန်းက စိတ္တဇဖြစ်ခဲ့ရတဲ့ သီချင်းတစ်ပုဒ်နဲ့
ငါ့ရဲ့ ငယ်ရွယ်မှုကို မီးမြိုက်ခဲ့
ငါက သတိတရ ဖြစ်ပြီဆိုရင် ဘယ်မှတ်တိုင်မှ မရပ်တော့ဘူး
ဒီလို ရှိခဲ့ဖူးသော အတုအယောင်ဆန်ဆန် နေ့တွေ
ဘာမှ မကြားချင်လို့ ဘာမှ မပြောဖြစ်ခဲ့တဲ့ အကြောင်းတွေ
အကျအန အကောက်လွန်သွားလို့ စိတ်ဆင်းရဲခဲ့ရမှုတွေ
အားလုံးသော အဆင်မပြေမှုများ၊
စက်ပျက်နေတဲ့ နာရီတစ်လုံးထဲ ထုတ်ပိုးပြီး
ငါ့ အသွေးအသားတွေကို လတ်ဆတ်စေခဲ့ရတော့တယ်
ပထဆုံးလေပြေမှာ
ငါ့အတွက် အဆင်ပြေကြောင်း စာလေးတစ်စောင်တော့ ပါလာကောင်းပါရဲ့။