လက်ဖက်ရည်ဆိုင်ထိုင်ခြင်း

Posted on Dec 22, 2007
မနက်ခင်းချမ်းစီးစီးမှာ  
ကျွန်တော်တို့ကို အကောင်းဆုံးဝန်ဆောင်မှု အမြဲပေးတတ်တဲ့  
အသွက်လက်ဆုံး (၁၀)နှစ်အရွယ် စားပွဲထိုးလေးလည်း  
သူ့ဆိုင်ရှင်ရဲ့ သားငယ်လေးကို ကျောင်းလိုက်ပို့နေရပြီ  
သူ့အတွက်တော့ ကျောင်းဆိုတာ အဝေးကြည့်ပေမယ့်  
အတွက်အချက်ပေါင်းနှုတ်မြောက်စားကတော့ ကျွန်တော်တို့ထက် သာလိမ့်မယ်  
(သူ့ထမင်းကျွေးတဲ့ အလုပ်လေ)  
ကျွန်တော်တို့လည်း ရေနွေးပူပူတစ်အိုးလုံး ကုန်အောင်ထိုင်သောက်နေမိတယ်။