အဓိပ္ပာယ်မဲ့ စိတ်အခင်းအကျင်း
ကဗျာရေးမယ့်စိတ်က ခဲတံချွန်နေတာ ကြာလှပြီ။ ဗလာဦးနှောက်နဲ့ အတွေးအခေါ်မိုးတွေရွာချ ငါ့ရဲ့ 'ဘာမှ မရလိုက်မှု'တွေ ရွှဲရွှဲစိုကုန်တယ် ကြာတော့ ခံစားချက်လေးကိုပဲ ပြေး , ပြေးပြီး အားနာရ ငါ့ရဲ့ဘဝတစ်ခြမ်းက အလင်းမရတော့ဘူး ငါဟာ သေလူတစ်ယောက်လို သံချေးတက် စည်းချက်ပျက် ငါ့အသက်ရှူသံတွေလည်း ထုံးထိုင်း အဓိပ္ပာယ်တွေ တန်ဖိုးမဲ့ကုန်ပေါ့ လိုက်နေတာလား ပြေးနေတာလား? ငါ့ရဲ့စိတ်ပြေးလမ်းက မညီမညာ ယိုင်လဲလို့ ကဗျာဆိုတဲ့ လိပ်ပြာလေး အခုထိ ပြန်ဖမ်းလို့ မမိသေးဘူး။