လွမ်းတဲ့အကြောင်း

Posted on Nov 20, 2008
မှိတ်တုတ်မှိတ်တုတ်နဲ့ ငါ့အလွမ်းတွေ အားကောင်းလာလိုက်တာ  
ညဆိုတာမှာ အိပ်စက်ခြင်းကို ငါမေ့သွားတယ်

ငါ့လက်ဖျားပေါ်က အနွေးငွေ့လေး  
အခုထိ လောင်ကျွမ်းအားကောင်းတုန်း  
နူးညံ့ခြင်းတစ်သိုက်နဲ့ ငါ့စိတ်တွေ လှိုက်သွားတယ်  
သာမာန်ကိစ္စလေးမှာလဲ သူ့ကြီးကျယ်ခမ်းနားမှုနဲ့သူ

ချစ်ခြင်းမေတ္တာမှာ ငါကျေနပ်တာလည်း ဒါပဲ  
ရိုးရိုးဆန်းဆန်း ဂုဏ်ဒြပ်ခြင်းအတူတူ  
သတိရစိတ်ခြင်း ထပ်တူ  
ငါ့ညတွေကို ကိုင်လှုပ်နိုင်တာခြင်းလည်း တူ

အများကြီးပေးဆပ်စရာ မလိုဘူး  
ဘာမှ ကြီးကြီးကျယ်ကျယ် လုပ်ပေးစရာလည်း မလိုဘူး  
ဒီကောင်မှာ  
မင်းလက်ဖဝါးလေးတစ်ဖက်တည်းနဲ့တင်  
အလွမ်းတွေ သွပ်သွပ်ခါနေပေါ့…။ ။