မမီမကမ်း၊ တဆင့်နှိမ့်၊ ခိုငှက်လွတ်ခြင်း

Posted on Dec 22, 2008
တစ်ကောင်ဘယ်လောက်လဲ  
လေးရာပါ၊ တစ်ထောင်ဖိုး သုံးကောင်ယူလေ  
ငါ့လက်ထဲရောက်လာတဲ့အကောင်လေးက  
မျက်စိမည်း နှုတ်သီးချွန်လေး  
ချည့်နဲ့နဲ့အတောင်ပံတွေက ငါ့လက်ဖဝါးအောက်မှာ ရုန်းကန်လို့  
မကြာခင် မင်းပျံသန်းရတော့မှာပါ ငှက်ကလေးရယ်  
တစ်ကောင်ပြီးတစ်ကောင်  
နိမ့်ချည် မြင့်ချည်  
လေထဲမှာ ယိုင်နဲ့နဲ့  
မတူညီတဲ့ ဦးတည်ချက်များဆီ  
တူညီတဲ့ လွတ်လပ်ခြင်းဆီကို …