အမေ့အတွက်ကဗျာ
Posted on Dec 31, 2008
ကံကြမ္မာက မျက်နှာသာမပေးတော့
အမေ့ခမျာ ဘယ်လောက်ကြိုးစားပြီး အနစ်နာခံခံ မျက်နှာမရဘူး
အဝေးက အဖေကတော့ ဘယ်လိုတွေးနေမယ် မပြောတတ်ဘူး
အမေ့မှာ ပျို့တက်လာတဲ့ အားငယ်မှုကို ပြန်မျိုမျိုချနေရရှာတယ်
ကြံ့ကြံ့ခံတဲ့ အမေ့ခြေထောက်တွေပေါ်မှာ
ကျွန်တော်ဖက်တွယ်ရပ်တည်ခဲ့တာ ခက်ခဲကြမ်းတမ်းတဲ့ သုံးနှစ်ကျော်ပါ
ဒါတောင်မှ
တစ်ခါတစ်ရံ လျှံကျလာတဲ့ အမေ့မျက်ရည်တွေအတွက်
ကျွန်တော့်မှာ စကားလုံးမရှိအောင်ကို ကျွန်တော်ကတုံးခဲ့
ပြဿနာတစ်ထောင်မှာမှ တစ်ခုပဲ ကျွန်တော့်ကို တိုင်ပင်ခဲ့တာ
ကျွန်တော့်ကို စိတ်ချမ်းသာစေချင်လို့လား အမေ
ဘာပဲပြောပြော
အမေ တိုင်ပင်ဖော်ရှားပါးနေတာ ဖုံးဖိထားသမျှ ထိုးထိုးထောင်ထောင်ပါ
မိသားစုပြန်ဆုံမယ့်အချိန်ကျမှ အတိုးချပျော်ပေါ့ အမေရယ်
အခုတော့ အမေလည်း ကြိုးစား, ကျွန်တော်လည်း ကြိုးစားပါ့မယ်
ဟိုအရင်က ကျွန်တော်တုံးခဲ့သမျှ နောင်တစ်ချိန်မှာ အမေ ပြုံရပါစေမယ် အမေ
အခုတော့
ဒီကဗျာလေးနဲ့ပဲ နှစ်သိမ့်လိုက်ဦးပေါ့ အမေရယ်။