အလွမ်းဒဏ်ရာနဲ့ ခြေခင်းလက်ခင်းမသာတဲ့ မနက်ခင်းမှ ညနေခင်းဆီ စီးဆင်း

Posted on Feb 14, 2009
ငါ့ရင်ထဲက တိမ်ညိုညိုတစ်အုပ်  
နှလုံးသားကို အုံ့မိုးဝန်းရံပြီး ရွာချလိုက်တာ  
အခုထိ မစဲသေးဘူး  
သတိရစိတ်က  
သိပ်ထက်တဲ့ ငွေဓားပါးမိုးစက်လေးတွေ  
အခုကို အတော်ရှနေပြီ

အနက်ရောင်လမ်းမတွေက  
ဝေးကွာခြင်းအလျားကို ဆွဲဆန့်နေကြတာ  
ဒဏ်ရာနက်နက်တွေ ရက်ရက်စက်စက် လွှတ်လှလာကြပေါ့  
ကြင်နာသူရေ…  
ကားနောက်မြှီးမှာ ထကြွကျန်ခဲ့တဲ့ ဖုန်မှုန့်လေးတစ်မှုန့်လောက်တောင်  
ငါ့စိတ်တွေ မတည်ငြိမ်ခဲ့ပါဘူး  
သူ့ချည်တိုင် မင်းရှိရာဆီ စက္ကန့်တိုင်းပြေးလို့

ဒီလိုပဲ အလွမ်းပူပူတွေနဲ့ နွေးထွေးခဲ့ရတဲ့ ဒီဇင်ဘာဆောင်းညတွေမှာ  
အလွမ်းစိတ်လေးအယားပြေ၊ မင်းနာမည်ကို တိုးတိုးခေါ်တော့  
ငါ့ညတွေ မှောင်မိုက်လိုက်တာ ချစ်သူရယ်  
ကောင်းကင်ပျက်ကြီးထဲ ငါတစ်ယောက်တည်း လွင့်ကျသွားသလို

မခံစားနိုင်တော့ဘူး  
ချင်းတွင်းနဲ့ ဧရာဝတီနှစ်စင်း  
ငါ့အလွမ်းတွေ စွန်းထင်းလှပခဲ့ပြီ။