မျက်လုံး
Posted on Feb 18, 2009
အဓိပ္ပာယ်တွေနောက် သူ လိုက်တော့
မှားမက်ခဲ့တဲ့ သူ့အိပ်မက်တွေတောင် လက်တွေ့ကျသေးတယ်
အခုတော့ ဖြစ်ပုံက
သူ့စိတ်ကူးတောင် သူမပိုင်တော့ဘူး
ဘဝက တိကျမှုရဲ့ အခြားတစ်ဖက်မှာလား
သူမတွေးခေါ်တဲ့ ဦးနှောက်နဲ့ ကာရန်တွေ စဉ်းစားတယ်
သူမမြင်ဘူးတဲ့ လက်နဲ့ ကဗျာတွေရေးတယ်
သူ့ဆီမှာ သူ့ကိုယ်သူပြန်ရှာလို့ မတွေ့ဘူး
တောင်ပုံရာပုံ အတ္တတွေကို ဖြီးသပ်လို့
စောင်းရွဲ့နေတဲ့အပြုံးကိုတော့ တည့်မတ်ဖို့ မကြိုးစားဘူး
အပုပ်အသိုးကို သ နေလိုက်တာ လူမြင်သူမြင်မှမကောင်း
အဲဒါကိုပဲ သူ့မှာ ကဏန်းတစ်ကောင်လို လက်မတစ်ထောင်ထောင်
ချုပ်ရိုးထပ်အမုန်းနဲ့
ဒင်္ဂါးတစ်ပြားကို လေထဲ ခတ်ဆတ်ဆတ် မြှောက်လိုက်တယ်
အလင်းဘက်ကျမလား အမှောင်ဘက်ကျမလား