ဟိုအရင်ကဒုက္ခ အခုတော့ လွမ်းမောစရာဟာသ
Posted on Feb 24, 2009
မနက်အစောကြီး မထချင်ဘူးလို့ တညည်းညည်းတညူညူ
တစ်တိုးတိုးတစ်ဝှေ့ဝှေ့နဲ့ပဲ ကျောင်းရောက်ခဲ့
နယ်နှင်ခံဒုက္ခတွေရဲ့အထာနဲ့
ကျောင်းက ရူးလောက်အောင် နေပူတယ်
နေပူထဲ အပျက်ပျက် တကျက်ကျက်နဲ့ပဲ
ကိုယ်တိုင်ပျိုးအရိပ်တွေမှာ တစ်ပြုံးပြုံးနဲ့ ခိုတယ်
ကန်တင်းမှာ တအုံးအုံးတညံညံနဲ့ သူထက်ငါအလုအယက် မှာလိုမှာ
အတန်းပြေးလို့ Roll Call မပြည့်သူမပြည့်
စာမကျက်ချင်ပါဘူးလို့ ခေါင်းတစ်ခါခါလည်တစ်ခါခါနဲ့ပဲ
ဟိုဘက်လှည့်ဒီဘက်လှည့် ကျူတိုရီယယ်တွေ ဖြေခဲ့ကြ
ရေးဖြေတွေဆို မကြောက်သမျှ နှုတ်ဖြေတော့ ငါတို့တွေ ကျွတ်တယ်
ခုံအောက်မှာ ဖိနပ်မှောက်သူက မှောက်
ဆရာ မမြင်အောင် ရှေ့ကလူကိုယ်လုံးနဲ့ ကွယ်သူကကွယ်
ဆရာနဲ့ မျက်လုံးချင်းမဆုံအောင် ခေါင်းငုံ့သူက ငုံ့
မေးမှ ရှာကျက်ရတဲ့အဖြေ … ငါတို့ မယုံမကြည်နဲ့
သင်တုန်းက ငိုက်ထားသမျှ အခုမှ ဇောချွေးလေးတွေဝေ
ငိုက်တုန်းကအရသာရှိသလို ဘေးကျပ်နံကျပ်ဒုက္ခကလည်း အရသာရှိသပ
ဒီလိုပဲ တစ်ချွတ်ချွတ်တစ်ချော်ချော်နဲ့ ဖြတ်သန်းခဲ့ကြတယ်
တကျွတ်ကျွတ်တချောင်းချောင်း ကျိုးကျခါနီး ကြမ်းခင်းများနဲ့
ကျောင်းတော်ကြီးဆီက နေ့စွဲတွေကို…