ဖြစ်ကတတ်ဆန်း

Posted on Mar 12, 2009
ပြီး, ပြီးရောက စာသားရေးတယ်  
စိတ်မရှည်က ဆိုင်းဘုတ်ဆွဲ  
ကြော်ငြာပါပြီ ဖြစ်ကတတ်ဆန်း

နောက်တော့ သည်းမခံနဲ့တွေ့တယ်  
ကိုယ်လျှာကို ကိုယ်ပြန်ကိုက်မိခြင်းမှာ  
ကိုယ့်ပါးကို ကိုယ်အကြိမ်ကြိမ်ရိုက်  
ဒေါသဖြစ်နေလိုက်တာ လွန်ရော  
ဆဲထည့်လိုက်ပါပြီ ဖြစ်ကတတ်ဆန်း

နောက်ဆုံး ခြေမြန်လက်မြန်က မသေမချာပြပွဲကို တင်ဆက်တယ်  
အရှိန်အဟုန်နဲ့ ဒဏ်ရာတွေကစဉ်ကလျား ခင်းကျင်းပြသ  
ရရှိလိုက်ပါပြီ ထောပနာ ဖြစ်ကတတ်ဆန်း

ဖြစ်ကတတ်ဆန်းအကြောင်း ငါမရေးချင်ဘူး  
ရောဂါတွေ အဆီအငေါ်မတည့်  
အစိမ်းလိုက်အစားခံလိုက်ရတဲ့ သားကောင်လို  
ဖြစ်ကတတ်ဆန်း ငါ့ကဗျာ