ဇနီးသည်များ

Posted on Apr 22, 2009
ဇနီးသည်တစ်စု ဝိုင်းဖွဲ့စုမိကြတဲ့အခါ ပြောကြတယ်  
ကုန်ဈေးနှုန်းတွေအကြောင်း  
ကုန်စည် ပစ္စည်းသစ်တွေအကြောင်း  
ခင်ပွန်းသည်ရဲ့ အလုပ်အကိုင်အခြေအနေအကြောင်း  
သားရေးသမီးရေးအကြောင်း  
နောက်  
ရွှေငွေ ရတနာတွေအကြောင်းနဲ့  
ရယ်စရာမောစရာတွေ … ထပ်ကာ… ထပ်ကာ…

အခြားဇနီးသည်တစ်စု တွေ့ဆုံမိကြတဲ့အခါ ပြောကြတယ်  
လမ်းခရီးအခြေအနေတွေအကြောင်း  
ခရီးစရိတ်၊ ကုန်ကျစရိတ်တွေအကြောင်း  
ခင်ပွန်းသည်ရဲ့ ကျမ်းမာရေးနဲ့ စိတ်အခြေအနေအကြောင်း  
နိုင်ငံနဲ့ ကမ္ဘာအရပ်ရပ်က ဖြစ်ရပ်တွေအကြောင်း  
နောက်  
အားပေးစကားတွေနဲ့  
လေးထောင့် နံရံတံတိုင်းတွေအကြောင်း … ထပ်ကာ… ထပ်ကာ…