အရှုံးသမား ၃

Posted on May 7, 2009
ကိုယ့်မှာတော့ ထမ်းထားလိုက်ရတဲ့ မျှော်လင့်ချက်ကြီး  
ပျော်ရွှင်ခြင်းတွေ တောင် မြေကြီးနှစ်ဝင်သွားတဲ့အထိ  
ဘဝရဲ့အကိုင်းအခက်တစ်ချို့တောင် ဆွေးမြေ့ပုပ်ရိသွားတဲ့အထိပေါ့  
ပြီးတော့လည်း ရိုက်ချခံရ  
ဘဝတစ်ခုလုံး ငါ့နှလုံးသားထဲမှာ ပြန့်ကျဲလို့  
မှန်ကွဲစတွေလို အသားစိုက်  
မြှားရိုင်းတွေလို ထုတ်ချင်းခတ်  
ငါ့ရဲ့ အသုံးမကျတဲ့ ဦးခေါင်းဟာလဲ ကမ္ဘာလို ချာချာလည်ခဲ့ပြီ။