ချစ်သူစိတ်ကောက်တဲ့ညမှာ ကျွန်တော်ဟာ ပလုံစီနေတဲ့ မေးခွန်းလေးတွေပါ
Posted on May 18, 2009
စိတ်ညစ်လို့ အိပ်ပစ်လိုက်တဲ့ညပေါ့
ကြယ်တွေတောင် ခေါင်းခဲအောင် စဉ်းစား
ငါ့ချစ်သူကို ဘယ်လိုချော့ရမလဲဆိုတာ
ချစ်သူစိတ်ကောက်တော့ သိသာတယ်
ပွင့်လင်းဖော်ရွေတဲ့ မျက်နှာလေး တည်သွား
ဖုန်းဆက် / စကားပြော \- တစ်ခွန်းမေး တစ်ခွန်းဖြေ
ငါကလည်း လိုရာမပေါက်ဘူး
စကားနှစ်ခွန်းနဲ့ ဂျာအေးကို သူ့အမေရိုက် ချာချာလည်
အမယ်ဘုတ်တောင် သူ့ချည်ငင်နဲ့ အဆင်ပြေသွားပြီ
ငါကတော့ ဝေတုန်း ဝါးတုန်း
ဒီလိုညမျိုးကတော့ အိမ်မက်ဆိုးပဲ
ခြင်ကပဲ ပိုကိုက်နေသလား၊ နွေကပဲ ပိုပူနေသလား
အိပ်ယာက သဲတရှပ်ရှပ်၊ ခေါင်းအုံးက ဖုထစ်ဖုထစ်
ဟာ…
တစ်ခုခု အဆင်ပြေမနေတာတော့ သေချာတယ်
နာရီတွေ မလည်တော့ဘူးလား
တကယ်ဆိုရင် မနက်ဖြန်ဆိုတာ ကျောချင်းကပ်လျက်နဲ့ အဝေးကြီး
ဒီလိုနဲ့… ဒီလိုနဲ့… ဒီလိုပါပဲ
ခွင့်လွတ်ပါချစ်သူရယ်၊ ကိုယ်က တုံးတယ်