ရှုံးပွဲ
Posted on May 20, 2009
ငါက ကံမကောင်းခြင်းပခုံးနဲ့
နတ်ပြည်ကို ထမ်းထားချင်တဲ့ကောင်မဟုတ်ပါဘူး
ဒါပေမယ့် ငါ့ဆီမှာ
ဂျိုကာ ကန့်လန့်နဲ့ ရှုံးတဲ့ပွဲတွေလည်း ရှိခဲ့တယ်
ဓားမရေပေါ် အဖြစ်တွေနဲ့လည်း ကြုံခဲ့တယ်
ဒါတောင် ငါကိုက အမှတ်သညာမရှိဘူး
စကြာဝဋ္ဌာတစ်ပတ်အပြည့်မှာ
ကံကြမ္မာကို လမ်းစဖျောက်ပစ်ခဲ့ဖို့ ကြီးကြီးကျယ်ကျယ် ကြံစည်
မေ့လွယ်ပျောက်လွယ် နာမည်တစ်လုံးက ချည်ပြီးတုတ်ပြီး
မာန်မာနတွေ တပြုံကြီးထိုးသွင်း ပညာပြလိုက်တော့
ငါ့ကိုငါ မမေ့ဖို့ မြေပြင်ပေါ်က အရှိတရားငါလေးကိုပဲ
ခက်ခက်ခဲခဲ အသက်ဓာတ်လို ဖက်တွယ်ထားရပြန်ပေါ့
ဒါပေမယ့်လည်း သတိလက်လွတ်ညနေခင်းတွေအတွက်
ခေါင်းငိုက်စိုက်ခဲ့ရတဲ့ ညပေါင်းများစွာ
ဒဏ်ရာတွေ ကန့်လန့်ဖြတ်၊ တစ်ချို့က ထပ်တူ
ပြောခဲ့ပြီးပါပြီကော
ငါကိုက အမှတ်သည်းခြေမဲ့တယ်ဆိုတာ
ကစားပွဲဥပဒေသတွေ မသိဘဲ ရမ်းကစားမိလေသလား
ဒေါသထွက်တဲ့ကောင် ရှုံးကြေးဆိုတဲ့ ပွဲတွေမှာ…။