အိမ်ပြန်လမ်း

Posted on Jun 10, 2009
အိမ်အပြန်လမ်းက အပေ့ါပါးဆုံးငှက်တောင်မွေးလေးလိုပဲ လေထဲဝဲ  
ချစ်သူဆီ အတော်ဖြန့်တဲ့လမ်းမှာ ရှိသမျှပန်းတိုင်း အဝါရောင်  
ကားဘီးတစ်ပတ်လိမ့်တိုင်း ငါ့နှောင်ကြိုးတစ်ပတ်လျှော့  
နာရီတစ်စက္ကန့်ခေါက်တိုင်း ငါ့ရင်ဘတ်ပြုတ်ပြုတ်ကျ  
“အန္တရာယ်အကွေ့”  
“ယဉ်တိမ်းမှောက်မှု မကြာခဏဖြစ်သည်။ ဖြေးဖြေးမောင်းပါ”  
သတိပေးဆိုင်းဘုတ်တွေလည်း အဝါရောင်လှ  
တစ်ကွေ့ပြီးတစ်ကွေ့  
တစ်တောင်ပြီးတစ်တောင်  
ဒီလောက်ပေါ့ပါးတာ မရှိခဲ့ဘူး  
ငါဟာ လွှင့်မျှောလိုက်ပါ  
ခရီးလမ်းရဲ့ဟိုဘက်က ချစ်သူဆီ