ချည်တိုင်
ကာမဂုဏ်က ငါတို့ကို ချည်တုတ်ထားလိုက်တာ ကြိုးကအကြီးကြီး လောဘရမက်ကလည်း အရင်ဘဝကဒိုင်နိုစော ဝင်စား ကရုဏာရှင်လက်ကမ်းတာတောင်မှ ပျားတုတ်ခံပြီး ပျားရည်စက်ကိုတပ်မက်တုန်း အချို့ကတော့ ညည်းကြတယ်လေ … စက်ရုပ်ဘဝကြီးပါတဲ့ ဘာဖြစ်လဲ ငါကလည်း အဲဒီစက်ရုပ်ပဲ ဖြစ်ချင်နေတာ အဲဒီမှာ ငါ့ရည်မှန်းချက်ရှိတယ် လွတ်လပ်မယ် မျှတမယ် ဒါပေမယ့် ငါဖြစ်မယ့် စက်ရုပ်မှာ လတ်ဆတ်တဲ့နှလုံးသားတော့ ပါရလိမ့်မယ်…။