ရပ်ကြည့်နေရင်း ချော်လဲ
အိမ်မက်တွေ တောင်လိုရာလိုပုံ ယုံကြည်ခြင်းတွေ မခမ်းနားတော့ဘူး ဖြစ်ပျက်သမျှရပ်ငေးနေဖို့ ငါကိုက တတ်နိုင်လွန်းတယ် ဆင်ခြင်တုံတရားလည်း ချွန်းမအုပ်နိုင်ဘူး စဉ်းစားဉာဏ်မရှိဘူးလားဆိုတော့လည်း မဟုတ်ဘူး ဒီနေရာမှာပဲ ရပ်တန်းက ရပ်ရင်ကောင်းမယ်နော် လုပ်စရာရှိတာ ဆက်လုပ်ဖို့ နာရီတွေ ခပ်မြန်မြန်လည် ထုံအမှုနဲ့ စီးဆင်း ခပ်မြန်မြန် … ခပ်မြန်မြန် အလွန်လျှင်မြန်စွာ အခုမှ စနစ်တကျ ချော်လဲတယ်ဆိုတာ