အသည်းကွဲညရဲ့ အထီးကျန်လမ်းမတွေ

Posted on Sep 10, 2009
ညက နာကျင်ခြင်းနဲ့ပေါင်းဖက်  
ကျွန်တော့်ရဲ့ မရှိခြင်းတွေ အလင်းဆုံးအချိန်လေ  
ဒုက္ခတွေ လတ်လတ်ဆတ်ဆတ်ကို လှပါရဲ့  
လောကဓံရေ- ခင်ဗျားက အငြိမ်မနေတဲ့ ဆူးပဲ -  
ကျွန်တော့် နှလုံးသားထဲမှာ- နက်နက်ရှိုင်းရှိုင်း

ဒီလိုဆိုတော့ အနာဂတ်လည်း အဓိပ္ပာယ် မရှိဘူး  
ရှိစုမဲ့စု အိပ်မက်အကျိုးအကြေလေးတွေလည်း အဓိပ္ပာယ်မရှိဘူး  
မီးကျိုးမောင်းပျက်နာရီတွေသာ ကြီးထွား  
သေရာပါဒဏ်ရာနဲ့ ညတွေ ချည်းပဲ

ထားတော့  
အမေ့လျော့ခံ လမ်းမတွေအတွက် ဖြေဆည်ရာ မျက်ရည်မရှိ  
အချန်လှပ်ခံမျှော်လင့်ချက်တွေထဲလည်း တစ္ဆေမကြောက်ကျားမကြောက်ပါပဲ  
လမ်းတူတယ်ဆိုကြပေမယ့်လည်း ကျွန်တော်တစ်ယောက်တည်း

အမှောင်ထဲ  
အထီးကျန်  
ခြေရာတွေ မထင်ကျန်စေချင်တော့ဘူး။