ဒိုင်ယာရီ

Posted on Oct 25, 2009
ဘယ်တော့မှ မရပ်တဲ့ ရထားတစ်စင်းပေါ်မှာ  
ငါတို့အားလုံး စီးနင်းလိုက်ပါခဲ့ကြသလိုမျိုး  
ကြွင်းကျန်ရစ်ခဲ့တဲ့ ဘူတာတွေ

မကျေနပ်စရာအကြောင်းမရှိပါဘူး  
ငါ့ကို ထိုးနေခဲ့ကြတဲ့ လက်ညိုးတွေအတွက်  
ဒုက္ခမှာ မပျော်ပိုက်ရင် ဘဝဟာ ခြောက်ကပ်နေမှာပေါ့  
ဒိုင်ယာရီတွေ မကောင်းဆိုးဝါးပူးကပ်လို့

တကယ့်တော့ အမေရယ်  
ကျွန်တော် ခဏခဏ  
စိတ်ကူးယဉ်ကြည့်ဖူးတဲ့ ကောင်းကင်ကြီးကိုယ်တိုင်ကိုက  
ကျွန်တော့်အပေါ်မှာ  
(မညာမတာ) မှောင်မိုက်ခဲ့ဖူးတာပါဗျာ။