စိတ်ပျက်ခြင်းတွေ ထူးထူးချွန်ချွန် (၂)
နေ့ရက်တွေ တစ်ရက်ပြီးတစ်ရက်ဖြတ်သွား ဒီဇင်ဘာတွေ ကြွေကုန်ပြီ ဒီဇင်ဘာရေ ငါကတော့ ဒဏ်ရာရ ကြောင်တစ်ကောင်လို အခန်းအောင်း ငါချွန်ခဲ့တဲ့ မြှားတွေလည်း တုံးခဲ့ပေါ့ စိတ်တွေလေတယ် အတွေးတွေလေတယ် ထုံးထိုင်းမှုတွေက အစွန်းရောက်အောင်ကို ချွန်ထက်ပြ ဘဝက စိတ်ပျက်ခြင်းတွေ ထူးထူးချွန်ချွန်