ဒီနေ့အကြောင်း
Posted on Feb 16, 2010
မနေ့ကအကြောင်း မပြောနဲ့ဆိုတော့
ဒီနေ့အကြောင်း ရေးမယ်
ဒီနေ့က ငါရဲ့ထုံထိုင်းမှုတွေနဲ့
ဒီနေ့က ငါ့ရဲ့ ညောင်းညာမှုတွေနဲ့
အမေ့ဆီ ဖုန်းဆက်တယ်
ခြေသည်းလက်သည်း ညှပ်တယ်
အွန်လိုင်းပေါ်မှာ တစ်နေကုန်တယ်
မပြီးသေးတဲ့စာတွေကို မသိချင်ယောင်ဆောင်တယ်
ကွေးကောက်သွားတဲ့ခြေသည်းတွေလို ငါ့စိတ်နဲ့ငါ ခြေစွယ်ငုတ်တဲ့ ဒီနေ့
လူမှုရေး ညောင်းညာမှုတွေနဲ့ ဒီနေ့
ကိုက်နေတဲ့ မျက်ရိုး၊ ဆာနေတဲ့ဗိုက်၊ ကိုယ်သွေးကို ပြန်စုတ်မိတဲ့ ဂျပိုးလို ဒီနေ့
တံခါးတွေ ဖွင့်ထားသလိုလို ပိတ်ထားသလိုလို မတင်မကျ ဒီနေ့
ကိုယ်ကိုကိုယ် ပြန်မဆက်သွယ်နိုင်
ကိုယ်ဘာသာစကားကိုယ် နားမလည်
ကိုယ့်အော်သံ ကိုယ် မကြား
ကိုယ့်ငရဲမှာ ကိုယ်ပျော်တဲ့ ဒီနေ့ပေါ့
မေမေရေ ဖုန်းကိုင်ပါတော့
ထုံထိုင်းမှုမှာ ကျွန်တော့်အရေပြားတွေ ခြောက်သွေ့ကုန်ပေါ့