ငါ့ဘန်ဝတ် ဘယ်သူရွှေ့သွားသလဲ?

Posted on Feb 26, 2010
အနည်ထိုင်နေတဲ့ မန်မိုရီတွေ
အမှိုက်တွေ အပြည့်နဲ့ ဟာ့ဒစ်တွေ
ခေတ်ကြီးထဲ
ငါ့ဘန်ဝတ်ကို ဘယ်သူလာလုသွားသလဲ

တစ်နေ့တစ်နေ့ တွက်ချက်မှုနဲ့ ရှင်သန်နေရတဲ့ ပရောစက်ဆာတွေ
ကေဘယ်ပေါင်းစုံပေါ်မှာ ပြေးလွားနေရတဲ့ ဒေတာတွေ
အရေးကြီးလို့ပါ
ငါ့ဘန်ဝတ်ကို လာမလုကြပါနဲ့

လိုက်မမီနိုင်အောင် အသစ်တွေ တဖျတ်ဖျတ်နဲ့ ဝက်(ဘ်)
စွမ်းအင်သိပ်စားတဲ့ ပရိုဂရမ်
လိုအပ်မှုတွေထဲ
ငါ့ဘန်ဝတ်တွေ ဘယ်ပျောက်ကုန်ပြီလဲ

ပေါ်လာတစ်စက္ကန့်
ပျောက်သွား ခဏခဏ
ကြည့်နေတဲ့ ဗီဒီယို ထစ်နေလို့ပါ
ငါ့ဘန်ဝတ်လေး ပြန်ပေးပါ

ဝါယာကြိုးတွေနဲ့ ကမ္ဘာ
ဝါယာကြိုးမဲ့ ကမ္ဘာ
ထိုင်ပဲစောင့်နေရမလား၊ ဟန်မ် နဲ့ ဟော့ လိုပဲ ထပြီးလိုက်ရှာရမလား
ပျောက်နေတဲ့ ဘန်ဝတ်တွေအတွက်...