ငါ့လက်ထဲက ဂျိုကာ

Posted on Mar 17, 2010
ငါဟာ ငါ့ရဲ့ ဟာသပါပဲ  
လူရွှင်တော်ဒဏ်ရာနဲ့ "မကျေမနပ်ပြတ်လုံး"တွေ ရေရွတ်  
တစ်ကိုယ်တော်မှောက်မှားခဲ့တဲ့ မိုးကြိုးညပျက်ပေါင်းများစွာ

ဂျိုကာတစ်ကောင်ရဲ့ငိုပွဲဟာ လူများတွေအမြင်မှာတော့ ရယ်စရာပါပဲ  
ငါလည်း ငါ့ကိုယ်ငါ ဝမ်းနည်းပက်လက် ရယ်ပွဲဖွဲ့

အမုန်းကျောက်တုံးတွေ ငါ့လည်ပင်းမှာ အသာအယာချီဆွဲ  
ကံတရားမျက်နှာလိုက်မှုကို မယုံမကြည်နဲ့  
နာကျင်ခံခက် ဒုက္ခပင်လယ်ထဲ ထိုးဆင်းလိုက်တဲ့အခါ

ငရဲ နဲ့ နိဗ္ဗာန် ကျောခင်းကပ်လျက်  
ပရိတ်သတ်ကြီး ရီ(ရယ်)ပါ။