၇-မတ်-၂၀၁၂

Posted on Mar 21, 2012
မွေးနေ့ဆိုတာ၊  
အခုနောက်ပိုင်း ကြောက်စရာရောဂါတစ်မျိုးဖြစ်လာတော့တာပဲစိတ်ကူးထဲမှာ နေဝင်ချိန်ကို ငေး ငေးကြည့်

ဆင်ခြင်တုံဆိုတာ သတ္တဝါတစ်မျိုး နာမည်လား???  
များများပြုံးနိုင်ဖို့အတွက် များများတွေဝေမလား???  
ကိုယ့်စိတ်ကိုကိုယ် ပိုင်ဖို့ နိုင်ဖို့ မဟာတော်လှန်ရေးကြီး စ ရင်ကောင်းမလား???

လွတ်ချခဲ့သမျှတော့ အဖိုးတန် ညနေခင်းတွေချည်း  
(ဆုပ်ကိုင်ထားခွင့်လည်း မရှိခဲ့)  
ငါ့မှာ နေမဝင်တော့ဘူး  
မိုးစုန်းစုန်းချုပ်

ဒီလို  
ဘဝက လုံးသွားပြီဆိုတိုင်း  
Jeremy Lin ရဲ့ ပစ်ဘောတွေလိုတော့ မဟုတ်သေး  
လိမ်ဖယ် လိမ်ဖယ်

ကဲ ဟေ့  
ဒီတစ်ကွေ့လည်း… အရှိန်မလျှော့ပဲ ကွေ့ချလိုက်တာပဲ ပျော်စရာ  
ခြေသံတွေ လုံခဲ့သမျှ၊ ကိုယ့်လိပ်ပြာကို ပြန်လှန့်ရမယ်ဆို  
ငါ/ကျွန်တော်/ဟုတ်ကဲ့/ဟင်အင်း

၈ မတ်လ ၂၀၁၂