ခရမ်းရောင်နေ့စွဲတွေ

Posted on May 15, 2012
ငါ့ရဲ့အိမ်ပြန်ချိန်တွေက မှောင်မိုက်လွန်းတော့  
မျက်နှာတင်းတင်းတွေနဲ့တွေ့တဲ့အခါ  
ဘဝဆိုတာကြီးနဲ့ ကမောက်ကမ ငါ ပိုမှောင်မိုက်သွားတယ်  
ငါဆိုတဲ့ကောင်ကလည်း ဒဏ်ရာအဖျားမှာ ပျားရည်သုတ်ပြီးမှ နာကျင်ချင်တဲ့ကောင်  
အမောဖောက်၊ ကျောထောက်ချခံရသမျှ

ဘယ်တော့မှမကုန်အောင် အချိန်ဆွဲသောက်တဲ့ ကော်ဖီတွေလို  
အချိန်မရွေးကုန်ပလိုက်လို့ရတဲ့ အတွေးတွေ  
စိတ်ပဲ အကုသိုလ် တစ်ခွဲသားနဲ့  
စိတ်ပဲ အချိန်တွေ လည်ပတ်နေတာ  
စိတ်ပဲ ဝေးကွာမှုရဲ့ အတိုင်းအတာ

ဒုက္ခက သိပ်လှတာပဲဆိုတာ  
မြေပြန့်ပြန့်မှာ ခလုပ်တိုက်သလို  
နှင်းဆီဆူး ဆူးမိသလို  
လက်ခံလိုက်တယ်  
ညနေခင်း သက်တံတွေလည်း သိပ်လှတယ်

ခရမ်းရောင်နေ့စွဲတွေ  
ခုန်ပေါက်လိုက်ကြစမ်းပ  
ကဆုန်ဆိုင်းမြင်းရိုင်းတွေလို …။

၁၄-၀၅-၂၀၁၂ (၆း၄၃)