ညက ငါ့အိပ်ရေးတွေကို ခိုးယူသွားတယ်

Posted on Jan 4, 2013
ဒီည အိပ်မပျော်ဘူး  
အရိပ်တွေ အပိုအလိုမရှိ ရွေ့လျား ဆန့်ထွက်ကြ  
ဖမ်းဆွဲမယ့် လက်တွေလို

ဒါလီရဲ့နာရီများ  
ငါ့စားပွဲပေါ် ဖိတ်စင်မှောက်ကျ

အသံတွေ တရွတ်တိုက်ဆွဲ  
ညက နားပါးတယ်။  
ညက ရွေ့နေတယ်။

နောက်ဆုံး…  
မနက်ခင်းဟာ  
ချွေးနံ့ တထောင်းထောင်းနဲ့ ရောက်လာတော့တာပဲ။

ဇန်နဝါရီ ၅ ၊ ၂၀၁၃  
မနက် ၄း၁၄