အလွမ်းဟာ တောင်တန်းတွေကို ကျော်ပြီး အိမ်ပြန်ရောက်သွားတယ်
Posted on Mar 27, 2014
တကယ်ဆို ငါကိုယ်တိုင်က မျှော်ဆန့်ငေး နေရုံ မြို့ကလေးပါ
အမှောင်တွေထဲကို တိုးဝင် ဝပ်ထွားလို့ ရိုကျိုး
အလင်းရဲ့အစွန်အဖျား အနားသတ်လေးမှာ ကျွမ်းလောင်ဆဲ ကျေးလက်လေးဆီသို့
အလွမ်းနဲ့ နာရီတွေ ဦးတည်လိုက်မိပါရဲ့
တရွတ်တိုက် နှစ်မြုပ်ခဲ့တဲ့ ဘဝလေးတစ်ခု စီးဆင်းဖို့
အဆင်မပြေမှုတွေထဲ လက်လျှို ထားခဲ့တာ ကြာပြီပေါ့
ဂျိုကာ ဘယ်နှစ်ကောင် ရရ မနိုင်နိုင်တဲ့ ကစားဝိုင်းပါပဲ
သေမင်းရဲ့ အံစာဟာ ၇ မျက်နှာရှိသတဲ့ \*\*
စိတ်ရှိတိုင်း လွှတ်ချ
ကမ္ဘာမြေမှာ အဝါရောင်တွေ ပါးလျှခဲ့ပြီ
ဒီလိုနဲ့
ညအမှောင်က ငါ့ပြတင်းပေါက်လေးကို ခပ်ဝေးဝေး ရွှေ့ပစ်
ဆောင်းအိပ်မက်ဟာ ဆောင်းနဲ့ နွေဦးကြား စက်ဘီးလေးနဲ့ တစ်ရွေ့ရွေ့သွား
မျှော်လင့်ချက်တွေ အမြီးတန်း ဆန့်ငေး
ဆော်လမွန်ငါးတို့ငဲ့
ပြန်စရာမြစ်ချောင်းတွေလည်း ကော ခဲ့ပြီကော
၁၂-ဖေဖော်ဝါရီလ-၂၀၁၄ ညနေ ၃:၃၅မိနစ်
(\*\*from The Book Thief by Markus Zusak)