ကဗျာထုံဆေး

Posted on Oct 9, 2016
ကဗျာ မရေးဖြစ်ဘူး
လူနာတစ်ယောက်လို

ကဗျာ မရေးဖြစ်ဘူး
ဖေ့ဘုတ်ဟာ ငါ့ဘဝကို ပွတ် တိုက်စား

ကဗျာ မရေးဖြစ်ဘူး
ထုံဆေးဟာ ဘယ်တော့မှ မပြယ်တော့

၁၀-၁၀-၂၀၁၆ ၇:၂၉ မနက်