ပလက်စတစ်မိုးတိမ်များ
Posted on May 20, 2017
အိမ်မက်တွေကို ရွာချလိုက်ပြီလား
ပင်လယ်ထဲမှာ
ကိုယ့်အတွေးတွေ လေးလံစွာ အထီးကျန်
ကြယ်စင်မှောက် လမ်းပျောက်ခဲ့ပြီလား
ငါ့ခန္ဓာထဲက
နေ့တဒူဝ လျှပ်စစ်များ
ထုံကျဉ် ဝေမှိုင်း အဆိပ်အတောက်များလွန်းရဲ့
နှလုံးသားဟာ တစ်စတစ်စ ဆုတ်ခွာလို့ သွားခဲ့ပြီ
လက်ကျန်ဒဏ်ရာတွေကို အနာဂတ်မှာ ကျောသပ်ဖို့
အခု ရေလောင်းပေါင်းသင်
သွေးအေးရမယ်
ဒဏ်ရာရဲ့ချိုမြိန်ခြင်းတွေ ပျိုးလက်ဆီ စီးဝင်
ဘယ်တော့မှ မကျက်မယ့် ဒဏ်ရာတွေ ပျိုး
ကျေနပ်ပါတယ်
ကိုယ့်အပြုံးကိုယ်မြင်ရင်တောင် ယုံနိုင်မယ်မထင်ဘူး
၂၀ မေ ၂၀၁၇ ည ၁၀:၃၈
ချမ်းမြေ့နဲ့ ကလေးနှစ်ယောက်အဝေးမှ