ကမ္ဘာနှစ်ခြမ်း

Posted on Dec 11, 2017
ကမ္ဘာတစ်ဖက်ခြမ်းမှာ နှင်းတွေကျနေပြီလား
ဒီဘက်ခြမ်းမှာတော့ မသိခြင်းမိုးတွေရွာနေပြီ
ချိုခါးထက်မြတဲ့ ဒီဇင်ဘာရဲ့သွားတွေ အစွယ်တဖွေးဖွေး
ပစ်ခနဲထွေးလိုက်တဲ့ ပစ္စုပ္ပန်ထဲက ဆင်ဖိုနီများ ပြစ်ခဲဆွေးမြေ့
အိပ်မပျော်ခြင်းဟာ အိမ်မက်တံခါးကို ခေါက်ပြီး ဝင်လာတယ်။

ကမ္ဘာတစ်ဖက်ခြမ်းမှာ အာရုံကျင်း လင်းပြီလား
တို့တွေဘက်ခြမ်းမှာတော့ အတ္တအမှောင်တွေ တစ်ရစ်ပြီးတစ်ရစ် ပတ်ခွေလာ
နေရာတိုင်း ပိုးစားခံရတဲ့ ဦးနှောက်များ၊ ရှောင်ပြေးမရ
ကျဉ်ဆံခွံပေါ်က ဝိဉာဉ်တွေရဲ့အမည်များလည်း ယမ်းငွေ့တွေ ရှူရိုက်နေရတုန်း
အဖြူရောင်လူသားဟာ အိမ်မက်ထဲက ပြန်ထွက်မရတော့ဘူး။

ကမ္ဘာရဲ့တစ်ခြားဖက်အခြမ်းမှာ တို့တွေ ပျော်ပျော်ပါးပါး နွံနစ်နေကြ။

၁၂-၁၂-၂၀၁၇