မိသားစု

Posted on Dec 13, 2017
အမေဆီ ဖုန်းမဆက်ဖြစ်တာကြာပြီလေ
အမေရဲ့ အိုမင်းရင့်ရော်လာမှုကို ငါ မခံစားနိုင်ဘူး
ငါဟာ ရှောင်ပုန်းသူကြီးပဲ

အဖေနဲ့ငါ
သူက တွန်းသလား ငါက ခွာသလား မမှတ်မိတော့ဘူး
ဝန်ရိုးစွန်းနှစ်ခုမှာ

ငါ့သားတွေကို ငါထိုင်ကြည့်တယ်
အချိန်ရတုန်းလေး နမ်းရှိုက်ထားမိတယ်။

၁၃-၁၂-၂၀၁၇ ည၁၁:၃၀