သူလိုကိုယ်လို တနင်္လာ
Posted on Apr 16, 2018
တနင်္လာဟာ မုတ်ဆိတ်ပွတ်နေတယ် ခေါင်းကိုက်နေတယ်
မြင်နေကျ စာသားတွေပဲ ဖြစ်ဖူးနေတဲ့ ခံစားချက်တွေပဲ
စကားတွေ ထပ်ခါ ပြောမိတယ်
တနင်္လာဟာ တနင်္လာ သိပ်ဆန်လွန်းတယ် ငြီးငွေ့ဖွယ်
ထစ်ချုန်း စိတ်ကျ ထစ်ချုန်း နမိတ်မလှ
နာရီတွေ နှေးလွန်းတယ် မြန်လွန်းတယ် သံသယရှိဖွယ်
တနင်္လာဟာ ဇာတ်လမ်း အတက်အကျမရှိဘူး မလှုပ်ဘူး
ငြိမ်ငြိမ်လေး အိပ်ငိုက်တယ် တစ်တောက်တောက် စာတွေရိုက်တယ်
ဘာကိုစောင့်မှန်းမသိ စောင့်နေတယ်
တနင်္လာရဲ့ အရိပ်တွေဟာ ရှည်လျားခဲ့တယ်။
ခေါက်ရိုးကျိုးဒီကဗျာဟာ အစွန်းထင်ခဲ့တယ်။
ငါဟာ တနင်္လာဖြစ်ခဲ့တယ်။
၁၆ အေပြီ ၂၀၁၈ ညနေ ၅နာရီ ၇မိနစ် (သြင်္ကန်အတက်နေ့)