လူရွှင်တော်
Posted on Nov 30, 2018
လူရွှင်တော်ဟာ မပျော်မရွှင်
သူ့နှုတ်ခမ်းတွေက ရယ်မရတော့ဘူး
ကို့ယို့ကားယား အကျီၤပွကြီးက ဝမ်းနည်းဖွယ် လေထဲ တဖြတ်ဖြတ် ခတ်လို့
ဘာကြောင့် ဒါကြီး ဝတ်ထားသလဲ
ရယ်သွမ်းဖွဲ့ ကလေးတစ်သိုက်မေးကြတော့
ပုံပမ်းပျက်ခန္ဓာ၊ ဒဏ်ရာတွေကြောင့် ပိုနာကျင်လာရပေါ့။
ဒီလိုပဲ သားသတ်သမား လက်ထဲ ရုန်းကန်ရင်း
ဒီလိုပဲ ပုတ်ပွမှုတွေကို မိုးပျံပူဖေါင်းထဲထည့်ရင်း
လူရွှင်တော်ဟာ မပျော်မရွှင်
သူ့မျက်လုံးတွေဟာ ကျေနပ်မှုကို ရှာမတွေ့တော့ဘူး
သူ့နားတွေဟာ သာယာဖွယ်တွေ မကြားရတော့ဘူး
အမှောင်တကာ့ အမှောင်ထဲ သူဖွက်ထားတဲ့ မျှော်လင့်ချက်လေး ကျကွဲ
မျက်ရည်နဲ့သူ ခွဲခြားမရတော့
မျက်ရည်ကို သူ ရှာမတွေ့တော့
သူ၊ ဝမ်းနည်းခြင်းထဲရပ်နေပုံက တိတ်ဆိတ်ခြင်းအမှောင်နဲ့ တစ်သားတည်း
သူ့လက်ထဲမှာတော့ ပျော်ရွှင်ခြင်းမျက်နှာဖုံးကို အဆင်သင့်ကိုင်ထားလေရဲ့။
၁၄/၁၂/၂၀၁၈ ညနေ ၅း၁၂