အချစ်ကဗျာ

Posted on Feb 28, 2019
ငြိမ်ငြိမ်လေးထိုင်ပြီး စဉ်းစားဖို့ လိုတာပေါ့
အချစ်အကြောင်းပြောချင်တဲ့အခါ
အချစ်ကဗျာရေးချင်တဲ့အခါ

သုံးဆယ်အလယ်စိတ်ကလေးက
တံလျှပ်တွေလို ယောက်ယက်ခပ်လို့
ရှင်မက ဘာတွေငြိမ်နေတာလဲတဲ့
သားအကြီးက အဖေ လူဆိုးလုပ်တဲ့
သူက ရဲ
သားအငယ်က အဖေကို မြင်းလို စီး
ဒီးဒီးဒိုင်းဒိုင်း
သာလိကာလေးတွေလို
သတင်းရေဒီယိုအိုကြီးလို
ညအိပ်ယာမဝင်မချင်း

ကြည့်လေ
ဒီညကြီးတစ်ခုလုံကိုက အချစ်ကဗျာကြီးပဲ