မွေးနေ့အလွန်တစ်ရက်
လေတွေသိပ်တိုက်တာပဲ မုန်တိုင်းရှိသလား ပင်လယ်လေရှုသူတွေကို အားကျရုံလေးပဲ ငါဟာ လေးလံလွန်းခဲ့တယ် နာရီတွေ တစ်ရွက်ချင်းကြွေ သေခြင်းတရားရဲ့အလျားနဲ့အနံကိုတိုင်းဖို့ ငါ့လက်တွေ တုန်ယင်လို့ အသားထဲ အသွေးထဲ အရိုးထဲ အောက်စီဂျင်တွေ အဆိပ်ဓာတ်ပြုခဲ့ပြီ မှုန်ဝါးဝါး အခန်းကျဉ်းညလေး ဒါဏ်ရာကျဲကျဲနဲ့ ဝိုင်းထားလိုက်ပြီ ဖယောင်းတိုင်ထွန်းဖို့ အလင်းမှုတ်ဖို့။ ၁၀ မတ် ၂၀၁၉ ၁၁:၂၀ ည