ကိုယ့်ရဲ့ဝမ်းနည်းခြင်းတွေ

Posted on Aug 3, 2019
ကိုယ့်ရဲ့ဝမ်းနည်းခြင်းတွေ လက်ဖျားလေးတွေဆီ စီးဆင်းသွား
ကိုယ့်လက်လေးတွေ တုန်ရီလာတယ်

ကိုယ့်ရဲ့ဝမ်းနည်းခြင်းတွေ နှာဖျားလေးဆီ စီးဆင်းသွား
ကိုယ့်အသက်ရှုသံဟာ ရှိုက်သံခတ်လာတယ်

ကိုယ့်ရဲ့ဝမ်းနည်းခြင်းတွေ နှလုံးသားဆီ စီဆင်းသွား
ကိုယ်ဟာ ဖယောင်းရုပ်လေးဖြစ်သွားတော့တယ်

ကိုယ့်ရဲ့ဝမ်းနည်းခြင်းတွေ
ဦးနှောက်ဆီရောက်မလာခဲ့ဘူး

၀၂/၀၈/၂၀၁၉ ည ၁၁