ညမီး
ပြတင်းပေါက်ကနေ လရဲ့အရောင်လေး အိတွဲကျလာ ယုဇနပန်းရနံ့လေးတွေ လေထဲ ခိုနား အိမ်မက်အဖျားထိရောက်လာတယ် အမှောင်ထဲ ငါက ထိုင်ငေးနေရုံလေး အမှောင်ထဲ ငါက သတိရနေတယ်ဆိုရုံလေး အရှုံးတွေ မတောင်းပဲ ပေးခဲ့မိ အလွမ်းတွေကျ မပေးပဲ ယူခဲ့မိ ဒီမီးတောက်ထဲ ပျော်နေတယ် ပျော်နေတယ်