နွေ ၂.၀

Posted on Mar 4, 2020
သစ်ရွက်ကလေးတွေ ခြောက်သွေ့တော့မှာလား‌ နွေ
ငါတော့ ကြွေကျလိုက်ဖို့ အဆင်သင့်ရယ်လေ

ဒုက္ခတွေပွင့်တဲ့ သစ်ပင်ပေါ့
ဒဏ်ရာတွေ သွေးတိတ်ဖို့ ဒဏ်ရာနဲ့ ကုစား
ရှင်သန်ကြီးထွားခြင်းမှာ သွေးစိမ်းရှင်ရှင်နဲ့...

ပူလောင်ခြင်းတွေ ရောက်နှင့်နေပြီလား ‌နွေ

ကြာတော့ ပက်ကြားအပ်ခန္ဓာနဲ့
စားမကောင်းတဲ့ သားကောင်ပေါ့
အပျော်သဘော လောင်မြိုက်ခြင်းမှာ
မျက်ရည်ဟာ ဓာတ်စာ ဖြစ်ခဲ့ရ။

‌နွေနဲ့ငါ တစ်နှစ်မှ အချိတ်အဆက် မမိတော့ ...

04/03/2020 11:53am