တကယ်မရှိတဲ့ဘဝ

Posted on Mar 5, 2020
တကယ်မရှိတဲ့ဘဝ
တကယ်မရှိတဲ့နေ့ တကယ်မရှိတဲ့ည
တကယ်မရှိတဲ့ပျော်ရွှင်ဖွယ်တွေ
ငါတို့ဟာ တိမ်တွေနဲ့လည်း အိမ်မက်တံတားဆောက်ခဲ့ဖူးပြီ
နာမကျန်းမှုမှာ ကွမ်းယာဆိုင်က ဆေးလည်း အစွမ်းပြခဲ့ဖူးပြီ
နတ်လူသာဓုခေါ်ဖို့ လှော်စက်နဲ့ အလန့်တကြား အော်ရက်ခဲ့ပြီ

တကယ်မရှိတဲ့ ငါတို့ရဲ့ အိမ်
တကယ်မရှိတဲ့ နွေးထွေးလုံခြုံရာ
တကယ်မရှိတဲ့ ခိုကိုးရာမဲ့ကြောက်ရွံ့ခြင်းတွေ
ငါတို့ဟာ မျက်ရည်နဲ့ ဒေါသနဲ့၊ စစ်ဘေးလည်း ရှောင်ခဲ့ဖူးပြီ
တရားဝင် စိတ်သဘောထားပြောင်းလဲခြင်းကို ဂျာနယ်မှာလည်း ဖတ်ခဲ့ဖူးပြီ
လွတ်တော်ကြီးကို ဘယ်သူဆောက်ပေးခဲ့သလဲလို့လည်း မေးခွန်းထုတ်ခဲ့ဖူးပြီ

တကယ်မရှိတဲ့ ချေးငွေတွေ
တကယ်မရှိတဲ့ ကတိကဝတ်တွေ
တကယ်မရှိတဲ့ MBAတွေ
တကယ်မရှိတဲ့ သက်ငယ်မှုဒိန်းတွေ

တကယ်မရှိတဲ့ တကယ်မရှိမှုတွေ
ငါတို့လည်း နေဝင်တတ်ခဲ့ပြီ
ဘုံဆိုင်လေးဟာ လမ်းပျောက်ခဲ့ဖူးပြီ
တကယ်မရှိတဲ့ဘဝတွေ
တကယ်မရှိတဲ့နေ့ တကယ်မရှိတဲ့ည

၀၆/၀၃/၂၀၂၀ ၇:၁၉ည