ကိုဗစ်-၁၉
Posted on Mar 17, 2020
ကဗ္ဘာကြီး ဖျားနာ
လူတွေလည်း ဖျားနာ
လူတွေကို ကယ်တင်ဖို့ ကဗ္ဘာကြီးရောက်လာ
ကဗ္ဘာကြီးကို ကယ်တင်ဖို့ လူတွေရောက်လာ
ပိတ်ဆို့မှုတွေ မွန်းကြပ်မှုတွေ ကြောက်ရွံ့ စိုးရိမ်မှုတွေ
သွေးစိမ်းရှင်ရှင် သံသယတွေ
တစ်ချို့ဘဝတွေ ပဲ့ကျသွား
တစ်ချို့ဘဝတွေ အသက်ရှုကြပ်
စီးဆင်းမှုထဲ လူသားဆန်မှုတွေ အရည်ပျော်လာ
စီးဆင်းမှုထဲ ခွဲစိတ်ခန်းသုံးမျက်နှာဖုံးအမှိုက်တွေ ပိတ်ဆို့
ဒဏ်ရာတွေ အထွေးလိုက်
မျှော်လင့်ခြင်းတွေ အထွေးလိုက်
ရီနေတာ ငိုနေတာ
ပေးဆပ်မှုတွေ အသိမှတ်ပြုလိုက်ရဲ့
ကဗ္ဘာကြီးလည်း လည်နေတုန်း
လူတွေလည်း ရှင်သန်ရုန်းကန်နေတုန်း
၁၇/၀၃/၂၀၂၀ ၁၈း၅၁