ငါမဖြေနိုင်တဲ့ မေခွန်းများစွာ ကျန်နေခဲ့တယ်။

Posted on Mar 31, 2020
ကျန်နေခဲ့မယ်။
စက္ကန့်တွေ တစ်ရွေ့ရွေ့ ဝေးကွာသွား
သက်ပြင်းမှာ ကြယ်တွေ ပွင့်တယ်။

ငါကျောခိုင်းခဲ့သော
ငါမျက်မောက်ပြုနေသော
မွန်းကျပ်ခြင်းတွေ
ပျော်စရာ ကမ္ဘာ ဖြစ်ပါစေ။
အနာတွေ မွေးမြပါစေ။

ဒါဟာ အဓိပ္ပါယ် မရှိတဲ့ ကဗျာ ဖြစ်ခဲ့တယ်။
ဖြစ်နေခဲ့မယ်။
မငြင်းဆိုမှုမှာ
အဓိပ္ပါယ်တွေ လေးနက်ပါစေ။
ဆန့်ကျင်မှုတွေ တွေ့ဆုံပါစေ။

နောက်ဆုံးမှာ ဗလာ။

၀၁ ဧပြီ ၂၀၂၀ ညနေ ၆း၃၇