နံဟောင်နေသော အိမ်မက်များ
ဘယ်သူမှ မရွေးချယ်တဲ့ နိုးထမှု ပိတ်မိနေသော မျက်နှာဖုံးများ ကမ်းလက်ရဲ့အဝေးမှ မျက်ရည်မိုးများ သက်ပြင်းတွေ သက်ပျင်းတွေ အသက်ပြင်းတွေ ကျည်ဆံခွံထဲ ပြေးဝင်ပုံးခဲ့ရတဲ့ အသက်အတွေ အိမ်ပြန်မရောက်တော့တဲ့ ခရီးသည်တွေရဲ့ မျှော်လင့်ချက်အပိုင်းအစတွေ ငါ ရပ်ကြည့်နေမိတယ်...။ ငါ့ရဲ့ စိုးထိတ်မှုက ခပ်လှမ်းလှမ်းမှာ ငါ့ရဲ့ ဂရုဏာက ခပ်လှမ်းလှမ်းမှာ ငါ့ တိုင်းချစ်ပြည်ချစ်စိတ်က ခပ်လှမ်းလှမ်းမှာ မွေးထဲက ပါလာတဲ့ နှာခေါင်းနှစ်ပေါက်ပါ ဘာလို့ အခုတစ်လောမှ သက်ရှု မဝ ဖြစ်နေရသလဲ ည ၃နာရီ